babu x no problem şarkı sözleri

Babu X ft. Big-Y - ပြဿနာ မရှိ (No Problem) (ရေး/ဆို - Babu X, Bigg-Y) (တီး - Babu X) ISRC AUYHA2096902 Verse 1 (ရေး/ဆို - Babu X) အခုခေတ် လူငယ်တွေက rap ကြိုက်တယ် ခွေးကိုက်တဲ့ အကြောင်းလည်း rap လို့ကွယ် ထမင်းစားတဲ့ အကြောင်းလည်း rap လိုက်မယ် စားပြီးကျန်တဲ့ အရိုးကို ခွေးကိုက်တယ် ဝတ်ထားတာက ပြောင်ပြောင် လက်လက် သူဌေး ဂိုက်ကွယ် ဟန်းဖုန်း ကိုင်ပြီး ညဈေးထဲမှာ ဈေးလိုက်ဝယ် ကန်စွန်းရွက်ကို ဘယ်လောက်လည်းလို့ မေးလိုက်တယ် ငါကျပ် တစ်ဆယ် လျှော့ပေးလိုက်မှ ဈေးကိုက်တယ် အခုပြောတဲ့ စကားထဲမှာ အပိုတွေမပါ အချော အလှတွေ တွေ့ရင်တော့ လိုချင်တာ ဘယ်သူ့ အတွက်နဲ့မှလည်း မငိုချင်ပါ အဆင်ပြေတဲ့သူ တွေ့ရင်တော့ အိုချင်တာ အဆင်ပြေအောင် အထာလေးနဲ့ စားပေးတာ သတ်ပုံမှားလို့ အဟားခံရတာ ညဈေးမှာ မိန်းမရဖို့ ဆိုတာကတော့ အသာလေးပါ အိမ်က အမေ ကိုယ်တိုင် ရှာပေးမှာ Hook (ရေး/ဆို - Babu X) တစ်ဖက်သတ် ချစ်ရလည်း ပြဿနာမရှိ အပြတ်အသတ် ချစ်ရလည်း ပြဿနာမရှိ ယောက်ဖက လည်ပင်းညှစ်လည်း ပြဿနာမရှိ အမေရှာပေးတဲ့ သူကိုလည်း ငြင်းစရာမရှိ ဝဝ ကစ်ကစ် လေးလည်း ဖက်ချင်မိ မော်ဒယ်ပုံ ဆိုရင်လည်း လက်ခံ၏ ယောက္ခမ က လည်ပင်းညှစ်လည်း ပြဿနာမရှိ လူပျိုကြီး ဖြစ်ရမှာတော့ ကြောက်ပါ၏ Verse 2 (ရေး/ဆို - Babu X) ပျင်းတဲ့အခါ ဝင်တာက chat room ပါ တစ်ခါတစ်လေ လူများပြီးတော့ ကြပ်လွန်းတာ တစ်နာရီကို ၅၀၀ ပေးပြီးမျက်ဝန်းမှာ မျက်မှန်လေးတွေ တပ်ရတဲ့အထိ chat လွန်းတာ မီးဖိုချေင်မှာ ချက်လွန်းတာက ထမင်းအိုးပါ အလှုဖိတ်မှ ထမင်းအိုးလည်း နားရတာ ဒံပေါက်စားရင်း အတင်းပြောတာ အားရစရာ မုန့်ဟင်းခါး ကျွေးရင် ငိုသံကတော့ ကြားရတာ တိမ်မရှိလို့ လသာတဲ့ ညတစ်ညမှာ သူခိုးဖမ်းဖို့ တစ်ရပ်ကွက်လုံး ထကြတာ အဖြစ်မှန်ကို သိရတော့မှ အားကျစရာ ဝါကျွတ်တဲ့အထိ မ​စာင့်နိုင်လို့ ဟားရတာ မိဘတွေက သဘောတူတယ်လို့ ကြားရတာ သီတင်းကျွတ်ရင် ပေးစားမယ်လို့ နားချတာ ကို လူပျိုက လက်မခံဘူး အခုညပါ မခွဲနိုင်ဘူး ထပြီး ငြင်းတော့ ဂွကျတာ Verse 3 (ရေး/ဆို - Bigg-Y) Rap ကြိုက်တဲ့ လူငယ်များရဲ့ ဒုက္ခများ တစ်ခါတစ်လေ ရည်းစားတွေလည်း မှိုလိုပေါက်အောင် ရှုပ်ကာထား တစ်ကယ်ချစ်တဲ့ ကောင်မလေးက တရုပ် ကပြား ၁၀ တန်း မအောင်တဲ့ ငါက အလုပ်ရှာမရ တစ်နေ့ တစ်နေ့ စားစရာမရှိ လျှော်စရာ လုပ် အများ အမြင်မှာ ငါ့ပုံစံက ပျော်စရာမဟုတ် မနက်ကတည်းက ဖုန်းဆက်ချိန်း ဘော်ဒါတစ်အုပ်နဲ့ မြို့ထဲပတ်ကာ game ဆိုင်သွားပြီး Dota ခုတ် Dota ခုတ်ပြီး မြို့ထဲပတ်ရင် လိုက်မယ် ခဏ Rapper ဦးထုပ် ရောင်းတဲ့ ဆိုင်မှာ စိတ်ကြိုက်ဝယ်ကြ NewEra ခေါင်းပေါ် တင်ကြည့် လိုက်ရဲ့လား အချင်းချင်း မြှောက်လို့ ပေးတာက ဟေ့ သောက်ရမ်း မိုက်တယ်ဟ မြှောက်ပေးတိုင်း ဝယ်လို့အကျွေးတွေ တက်လာပြီ လူတွေရှေ့မှာ လိုက်ပြီးတောင်းရင်တော့ ရှက်စရာကြီး ခဏစောင့်ပါ ဖိန့်ဖိန့်နဲ့ လက်ကာပြီး ပြောတာ Rapper တွေမှာ ငွေရေးကြေးရေး ပြဿနာ မရှိ
Sanatçı: Babu X
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 3:53
Toplam: kayıtlı şarkı sözü
Babu X hakkında bilgi girilmemiş.

Fotoğrafı