babu x single şarkı sözleri

Babu X - ဆေးပေးမီးယူ (Single) (ရေး/ဆို/တီး - Babu X) ISRC AUYHA2096901 Hook မျှားနတ်မောင် မျက်နှာလိုက်လို့ ကျန်ရစ်တွေ ဖြစ်ပြီဗျို့ မနဲ့တူတာဆိုလို့ လက်မပဲ ရှိတယ်ဗျို့ တစ်ချို့တွေများ တော်လိုက်ကြတာ ဟောတစ်ယောက် ဟောတစ်ယောက် ကောင်မလေးတွေ ငါ့ကိုတွေ့ရင် အီးလေးတောင် လှည့်မပေါက် မျှားနတ်မောင် မျက်နှာလိုက်လို့ ကျန်ရစ်တွေ ဖြစ်ပြီဗျို့ မနဲ့တူတာဆိုလို့ ခြေမပဲ ရှိတယ်ဗျို့ တစ်ချို့တွေများ တော်လိုက်ကြတာ ဟောတစ်ယောက် ဟောတစ်ယောက် ကောင်မလေးတွေ ငါ့ကိုတွေ့ရင် အနားကတောင် ဖြတ်မလျှောက် Verse 1 မိန်းမတွေ ချောတဲ့အကြောင်းကို ကာရံတွေထပ်ပြမယ် ဒီသီချင်းကို လူတွေကြားရင် ဒါသီချင်းလို့ မှတ်ကြတယ် အရင်တုန်းက စာဖတ်တယ် မိန်းမကြမ်း အလွတ်ကျက်တယ် လက်တွေ့မှာ အကုန်လွဲ ရှိသမျှ အရှက် အကုန်ကွဲ အထာမနပ် အနားကပ် ကောင်မလေးက ထပြီးအော် ဘေးလူတွေ လှမ်းခေါ်လိုက်တော့ ရပ်ကွက်ကလည်း ဝိုင်းပြီးဆော် စခန်းမှာ စံမြန်းရတာ တစ်ညအိပ် နှစ်ရက်ကျော် စေတနာနဲ့ ရှင်းပေးသူကို ကြေးအိုး တစ်ပွဲနဲ့ ကျေးဇူးနော် ဘယ်သွားသွား ဘယ်လာလာ မိန်းမနဲ့ အကျိုးမပေးပါ တစ်ချို့ကတော့ ပြောကြတယ် သူတို့မရှိရင် နားအေးတာ ဒါပေမယ့် ကျွန်တော်ကတော့ မနေနိုင်တဲ့ ဖိုးသားလေးပါ အစဉ်ပြေမယ့် သူများရှိရင် ဖုန်းဆက်ပြီးတော့ အကြောင်းကြားပေးပါ Verse 2 လမ်းထဲမှာ တွေ့နေရတဲ့ ပန်းပွင့်တွေက အမြောက်အများပဲ တစ်ချို့က တိုက် ကားနဲ့ တစ်ချို့က ဆိုက်ကားနဲ့ အကုန်လုံးက အမိုက်စားပဲ ပြောတတ်ရင် ရိုက်စားပဲ လမ်းကြုံရင် မိတ်ဖွဲ့ပြီးတော့ လက်ဖက်သုပ်တွေ လိုက်စားခဲ့ စိတ်ကူးနဲ့ ရူးရတာ ထမင်းကိုယ်တိုင် ခူးရတာ ရပ်ကွက်မှာ အီဖေကိုယ်က လူပျိုကြီးမို့ ထူးခြားတာ အသောက် အစားဆို ဝေးဝေးမှာ ဝင်ငွေက အေးဆေးပါ အသက်တူ လူတွေ အကုန်လုံး ဒီအရွယ်ဆို ကလေးမွေးတာ ရာဇဝင် စံတင်လောက်တဲ့ လူပျိုကြီးတော့ ဖြစ်တော့မယ် အချိန်မဆွဲပဲ တစ်ယောက်ယောက်က ကိုယ်ကို ပြန်ပြီး ချစ်တော့ကွယ် အသက်ကွာလည်း ဖြစ်ပါတယ် အသားဖြူလည်း ချစ်ပါတယ် အသားညိုရင် မငြင်းပါကွယ် လူပျိုအချစ်က ရှင်းပါတယ် Verse 3 သူငယ်ချင်းတွေ နာမည်ပေးတယ် ငါ့ရဲ့အိမ်ကို လူပျိုဆောင် နာမည်နဲ့လိုက်အောင်လို့ ငါကိုတွေ့ရင် အပျိုတွေ ရှောင် နေ့တိုင်းပဲ ငါကြံစည်တယ် မိန်းမရဖို့ အခေါက်တစ်ထောင် ခြံထဲမှာဆော့နေတာက ငါမွေးထားတဲ့ ခွေးနှစ်ကောင် ခွေးတွေပါ ငါ့ဓာတ်ကူးလို့ ခွေးမတွေက တွေ့ရင်ဟောင် တော်သလင်းလ ဆူညံသံက ငါတို့အိမ်ကို လှောင်နေသရောင် သီတင်းကျွတ်ရင် မနာလိုစရာ စွန်တဲ့ လူတွေ မင်္ဂလာဆောင် လက်ဖွဲဖိုး အကုန်ခံပြီး အားကျရတာ ငေါင်တောင်တောင် ပြီးရင်လည်းမေးကြသေးတယ် ခင်ဗျားအလှည့်က ဘယ်တော့လည်းတဲ့ လူကိုများ လှောင်သလိုနဲ့ ငှက်ပျော်တုံးပဲ ဖက်မှာလားတဲ့ တစ်ချို့ကလည်း ငတ်ကြီးကျတယ် ဘယ်တော့များ စားရမှာလည်းတဲ့ နောက်တစ်ခါ လာပြီးမေးရင် လက်သီးပဲ ကျွေးလိုက်မယ် Pre-hook လူပျိုကြီး အဖြစ်နဲ့တော့ အရိုးထုတ်ဖို့ မဖြစ်နိုင်ပါကွယ် အဆင်ပြေရင် မင်းနဲ့ပေါ့ ဆေးပေးပြီး မီးယူချင်တယ် ငါကိုယ်တိုင် ထမင်းချက်ပြီးတော့ မင်းလေးကို ကျွေးချင်နေတာ အဆင်ပြေရင် ခေါင်းငြိတ်လိုက်တော့ မတက်ဖြန်ကို မင်္ဂလာဆောင်မှာ
Sanatçı: Babu X
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:56
Toplam: kayıtlı şarkı sözü
Babu X hakkında bilgi girilmemiş.

Fotoğrafı