gealluss a chit yae lifetime (feat. mon yee) şarkı sözleri

လေနှင်ရာ​မျှောလွှင့်သွားတဲ့တိမ် ပြန်မလာတာသိလျက်နဲ့ ငါ့စိတ်က မင်းမှမင်းပဲ ဖြစ်လို့နေတုန်း ရောင်နီဟာ မလင်းလက်တော့တဲ့အချိန် မှောင်ရီကာ ဝိုးတဝါးတိတ်ဆိတ်ငြိမ်သက် မေ့ပစ်ထားတဲ့ မင်းက မသိဘူး ဟူး ရေး မေ့ပစ်ထားတယ် ငါ့အတိတ်တွေတိုင်း ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက် နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime မင်းနဲ့တွေ့ဖို့ နောက်ထပ်မ​ကြိုးစားတော့ ဒီအတိုင်း မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက် နင့်ရဲ့ဘက်က မလိုအပ်တော့လို့ အထုပ်အပိုးနဲ့ထွက်ခဲ့ အပေါ်ယံဟန်ဆောင်မှု အကြင်နာတွေ ပုပ်သိုးမလတ်ဆတ်ပဲ ပြန်တွေးလိုက်တိုင်း ဒီရင်ဘတ်မှာ ချုပ်ရိုးအထပ်ထပ်နဲ့ အမှောင်ထဲမှာ တစ်ယောက်တည်းငါ အရုပ်ကြိုးပျက်လျက်လှဲ အရူးမီးဝိုင်းခံရခက်သလို မင်းကဘယ်လိုခံစားတတ်မလဲ ဘဝတစ်ခုကိုဖျက်ဆီးခဲ့လို့ ဘယ်ဘုရားမှ ဒဏ်မှမခတ်ပဲ ကျကွဲသွားတဲ့ ပန်းကန်ပြားတစ်ချပ်ကို ဘယ်လိုအရာနဲ့ပြန်သွားဆက်မလဲ ခဏလာနားတဲ့ ပျံလွှားငှက်ငယ် သစ်ပင်အိုကိုချန်ထားရက်တယ် အမှန်အမှားမတွက်ပဲ နင့်ပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာ အဆုံးအစမရှိ လိုအပ်ချိန်မှအသုံးချသည့် နင့်အတွက်ငါ့မှာ အမုန်းကမရှိ တုံးအသည့် အရှုံးသမားကြီးတစ်ယောက် ဘဝဟာ လုံးပါးပြီး လေထဲမှာဆောက်တဲ့ တိုက်အိမ်လေးတစ်လုံး တိမ်စိုင်တွေ ဖုံးသွားပြီ အသစ်အသစ်တွေ မကြာခဏတွဲပြလို့ စိတ်ဒဏ်ရာ အနာများပဲရ နင့်ဘက်က ဘာများလွဲမှား လွဲမှားပါစေ ငါ့အမှားပဲထား ဂုဏ်ဒြပ်တွေကွာခြားတဲ့ဘဝမို့ နင့်အတွက်ငါ ပါမွှားပဲမလား မင်းစကားတွေမှတ်မိသေးတယ် အရမ်းချစ်တယ် ထာဝရတဲ့လား ငါ့အတိတ်တွေတိုင်း ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက် နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime မင်းနဲ့တွေ့ဖို့ နောက်ထပ်မ​ကြိုးစားတော့ ဒီအတိုင်း မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက် မနက်ဖြန်တိုင်းမှာ ရှိနေချင်လည်း အဖက်မတန်စွာ ဆက်ဆံလိုက်တာချည်း အတူရှိဖူးတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ ဖျက်ရန်အတွက်ငါ ဓာတ်မှန်ရိုက်ရှာကြည့်တယ် စက္ကန့်တိုင်းမှာငြိတွယ် မိခဲ့လို့ အသိမဲ့ရ အချစ်က မီးခဲလား ကိုင်ကြည့်လို့ မီးစွဲသွား တစ်လှေတည်း စီးပြီးတော့ တစ်ခရီးတည်း သွားမယ်ဆိုပြီး ကတိမဲ့လှတဲ့ မိငယ် မင်းက စည်းလည်းမထား အနားမှာမရှိတဲ့ခဏ အသစ်ရှာပြီးတွဲသွား နင့်ရဲ့ အမိရဲ့အဖရဲ့ စကားကိုသာ နားပိုထောင် မေ့ပစ်လိုက် ငါ့လိုကောင် ဘယ်လိုမှ သနားဖို့မကောင်းပဲ အနာဂတ်တွေ ညလိုမှောင် မည်းနေတဲ့ ဘဝကိုရှောင် ရွှေအိမ်ပေါ်မှာ စံပါမင်းသမီး ဒါက ကားဂိုထောင် အတိတ်ကို ပြန်မစဥ်းစားနဲ့ သိပ်ကိုခံပြင်းသွားမယ် ကြိတ်ငိုရန်တင်းမထားနဲ့ အရိပ်ခိုရန် မင်းနားခဲ့ ငါဆိုတာ နင်းပြားပဲ မင်းဘေးမှာ ဒင်္ဂါးပုလဲ ခေါင်းရှုပ်ခံ မစဥ်းစားနဲ့ မြင်နေတာ အရှင်းသားပဲ ငါ့ကိုသာ မင်းထားခဲ့ ငါ့အတိတ်တွေတိုင်း ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက် နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime မင်းနဲ့တွေ့ဖို့ နောက်ထပ်မ​ကြိုးစားတော့ ဒီအတိုင်း မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက်
Sanatçı: Gealluss
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:05
Toplam: kayıtlı şarkı sözü
Gealluss hakkında bilgi girilmemiş.

Fotoğrafı