sai sai kham leng a htee kyan şarkı sözleri

အထီးကျန် သိမ်ငယ်မူများစွာရယ် မင်းမရှိတဲ့‌နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ် အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့ ငါတစ်ယောက်တည်းရူးနေမယ် ကမ္ဘာတစ်ဖက်မှာနင်နေထိုင်တယ် ကမ္ဘာတစ်ဖက်မှာငါနေထိုင်တယ် ကမ္ဘာတစ်ဖက်စီဝေးလို့နေလို့ဆွေးလို့မြည့်လို့ငါခွေယိုင်လဲ ကမ္ဘာတစ်ဖက်မှာနင်ချန်ထား ကမ္ဘာပျက်မှာလား ကမ္ဘာမြေကတို့နှစ်ယောက်ရဲ့ကြား မဆုံနိုင်အောင်ကာဆီးကာထား ကမ္ဘာတစ်ဖက်မှာည ကမ္ဘာတစ်ဖက်မှာနေ့ နာရီ မိနစ် စက္ကန့်အားလုံးဇောက်ထိုးမိုးမျှော်ဆန့်ကျင်ဘက်တွေဖြစ်ပီဟေ့ ဟိုးအဝေးနင်ထွက်ပြေးတော့ ငါ့ရင်ထဲမှာဟာတာတာ ကျေးဇူးပြုပြီး ငါ့အချစ်ကိုနင်စာနာပါ အမြန်လာပါချစ်သူရယ်စိတ်ကောက်ကြတဲ့နေ့တွေကိုလွမ်းလို့ တမ်းတတယ် အရမ်းကို မင်းရှိတဲ့အရပ်ကိုအမြဲကိုမှန်းလို့ မနက်နိုးရင်မေတ္တာပို့ ဘုရားမှာဦးချသစ္စာဆို မဖောက်ဖျက်ဘူးငါ့ရဲ့စိတ်က မက်မက်စက်စက်ချစ်တာမို့ မင်းစိတ်ကြိုက်ဖြစ်လာဖို့ တစ်ခုချင်းကိုငါလေပြုပြင် လူတွေရဲ့အထင်အမြင် အယူအဆတွေကိုငါလေမမှုချင် အချိန်ရှိတိုင်းမင်းကိုလွမ်းမျှော် ပြန်မလာမှာကြောက်နေခဲ့ စောင့်နေခဲ့လက်ချိုးရေလို့ နေ့ရက်တွေမှာဆောက်တည်ရာမဲ့ အထီးကျန် သိမ်ငယ်မူများစွာရယ် မင်းမရှိတဲ့‌နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ် အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့ ငါတစ်ယောက်တည်းရူးနေမယ် တစ်ယောက်တည်းပဲနေတော့မယ်လို့ ရက်ရက်စက်စက်မင်းကပြောတယ် တစ်ယောက်တည်းပဲကျန်ခဲ့မှာမို့ ပက်ပက်စက်စက်ငါရင်မောတယ် မွန်းကြပ်နေတဲ့ ငါ့အခန်းထဲမှာ မင်းအငွေ့အသက်တွေ အဆုံးမသတ်နိုင်တဲ့ ငါ့အလွမ်းများအတွက်သီချင်းသက်သေ အားလုံးကအတင်းဖျက်နေ မတူညီတဲ့အဆင့်အတန်းသဘောမျိုး တဇွတ်ထိုးတတ်တယ် ငါ့အကျင့်ကဆင်ကန်းတောတိုး နေမြင့်တော့အရူးရင့်လာ မင်းပေးတဲ့ဥပေက္ခာ ခံရခက်တဲ့ဝေဒနာက ရင်ဘတ်ထဲမှာစူးနစ်လာ သင်္ချာသင်ခန်းစာမှာ Base တူမှ power ချင်းပေါင်းတယ် အခြေအနေတွေမတူညီတာက မင်းရဲ့ဘဝကလာခြင်းကောင်းတယ် မင်းငါ့ကိုမကြိုက်ဘူး လုံးဝကိုမမိုက်ဘူး ဒါနဲ့လည်းစိတ်မကုန်ဘူး ငါ့ရဲ့အဖြစ်ကမိုက်ရူးရဲ ငါ့အနားမှာမင်းရှိခဲ့ ငါ့ဘဝကိုငါကျေနပ်တယ် မင်းနဲ့အတူနေတဲ့အချိန်တိုင်း ဘဝင်ကိုလေဟပ်တယ် ငါ့အနားမှာနင်မရှိတော့ ငါ့ဘဝကိုငါအားငယ်လို့ ဒီသီချင်းက ငါ့အချစ်ကိုနင်နားလည်ဖို့ အထီးကျန် သိမ်ငယ်မူများစွာရယ် မင်းမရှိတဲ့‌နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ် အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့ ငါတစ်ယောက်တည်းရူးနေမယ် ကတိတွေလည်း စကားတွေလည်း တိမ်လိုလွင့်မျောသွားပြီပဲ အလွမ်းတွေနဲ့အဆွေးတွေနဲ့ ဘယ်လိုငါရင်ဆိုင်ရမလဲ မင်းမရှိဘဲ ဒီလူ့ဘဝထဲ ငါမနေတက်ဘူးချစ်သူရယ် နာကြည်းတတ်တဲ့စိတ်တစ်ခုကို ငါရချင်တယ် ခွင့်မလွှတ်တတ်တဲ့စိတ်တစ်ခုကို ငါရချင်တယ် အထီးကျန် သိမ်ငယ်မူများစွာရယ် မင်းမရှိတဲ့‌နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ် အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့ ငါတစ်ယောက်တည်းရူးနေမယ်
Sanatçı: Sai Sai Kham Leng
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:16
Toplam: kayıtlı şarkı sözü
Sai Sai Kham Leng hakkında bilgi girilmemiş.

Fotoğrafı