sai sai kham leng goodbye şarkı sözleri

ငါ့ရင်ဘက်ထဲမှာ အခုဆိုဟောင်းလောင်းပေါက်တွေနဲ့ အသံတွေဆွံ့အ အာခေါင်ထဲကသွေ့ခြောက်နေခဲ့ ငါသာတန်ခိုးရှိရင် အခုဘ၀မှာတောင်းဆုတစ်ခုတည်း အခွင့်အရေးတစ်ခုကိုနောက်ထပ်ရချင်တယ် ငါလက်ပြလို့နှုတ်ဆက်ရင်း ရင်မှာဆို့လာခဲ့ ကြိုးစားထိန်းထားလည်း ယောက်ျားတန်မဲ့မျက်ရည်စို့ပါတယ် မျက်နှာချင်းဆိုင်ရခက်လို့ မျက်နာလွှဲပေမဲ့ နံရံကြမ်းပြင်နဲ့ မျက်နှာကျက်မှာ နင့်မျက်၀န်းတွေပဲ မသွားနဲ့ နင်မသွားပါနဲ့ ငါကိုမထားခဲ့ပါနဲ့ ဒီစကားတွေကြားရဲ့သားနဲ့ ဘာကြောင့်မို့ နင်ထားခဲ့တာလဲ ငါနားလည်ပါတယ် ဒါကနင့်ရဲ့အခြေအနေပေါ့ ငါ့ဖက်ကတော့ အသည်းတွေကြွေလည်း နေပါစေတော့ Please, please ငါအောက်ကျို့ပြီးတော့တောင်းပန်တယ် ဆိုးရွားလွန်းတဲ့ အတိတ်ဘ၀ရဲ့အကြောင်းကံရယ် အခုအရွယ်အထိ အချစ်တွက်ဆိုအကျိုးနည်းနေဆဲ လေယာဥ်ပျံကြီး ထွက်ခွာသွားတယ် မိုးထဲလေထဲ ဖြူဖြူစင်စင်ကောင်မလေးကို တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း ဘာမှရေရေရာရာမတွဲရသေးခင် မြန်မြန်ဆန်ဆန်လမ်းခွဲပြီ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ် ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ် အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး တာ့တာ... နင်ပြေးလို့ထွက်သွားပြီးငါဆွေးလို့ကျန်ခဲ့ ပိုးသားလေကြောင်းနဲ့ နင်အဝေးသို့ပျံခဲ့ ရေမြေခြားခဲ့ပြီ ဘ၀တွေကခြားခဲ့ပြီပဲ အခြေနေကွာခြာခဲ့ပြီ ကမ္ဘာခြားခဲ့ နင်မဖတ်ဖြစ်တဲ့ ငါ့ email တွေလည်းတစ်နေ့ကိုအစောင်တစ်ရာမက အဘိုးကြီးဖြစ်တဲ့အချိန်တွေထိငါငေါင်မှာလား ခက်တယ် ဖုန်းတွေဆက်ပါတယ် on line ပေါ်မှာတက်ရှာတယ် စိန်ရွှေငွေစည်းစိမ်တွေထက် နင့်ကိုပိုပြီးမက်ပါတယ် အသွင်မတူတဲ့လူတွေထဲ ဘယ်သူ့လက်ကိုမင်းတွဲမလဲ မင်းပေါင်းတဲ့ကောင်တွေထက် ငါကအရာရာဆင်းရဲတယ် ဗလာနဲ့သုညပဲ မခုန်ချတာမမှားဘူးပေါ့ လက်ထက်ဖို့မျှော်လင့်ချက်တွေအဖျားရှူးရော သွားပြီ မိုင်ပေါင်းများစွာ ကုဋေကုဋာကို ပြန်ဆုံဖို့လမ်းစက မရေမရာမို့ ဒီရင်ကဝေဒနာမျိုး သိပ်ဆိုးလို့ခြေမှိုင်လက်မှိုင် ဒီဘ၀တော့ဒီမျှပဲပေါ့ baby bye bye ဖြူဖြူစင်စင်ကောင်မလေးကို တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း ဘာမှရေရေရာရာမတွဲရသေးခင် မြန်မြန်ဆန်ဆန်လမ်းခွဲပြီ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ် ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ် အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး တာ့တာ... ဖြူဖြူစင်စင်ကောင်မလေးကို တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း ဘာမှရေရေရာရာမတွဲရသေးခင် မြန်မြန်ဆန်ဆန်လမ်းခွဲပြီ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ် ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ် အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး တာ့တာ...
Sanatçı: Sai Sai Kham Leng
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 3:43
Toplam: kayıtlı şarkı sözü
Sai Sai Kham Leng hakkında bilgi girilmemiş.

Fotoğrafı