Sai Sai Kham Leng

Theingara Thachin Ta Bote (feat. Mg Mg Pyae Sone)

sai sai kham leng theingara thachin ta bote (feat. mg mg pyae sone) şarkı sözleri

Oh yeah yeah yeah yeah မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန် အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့ ငါကပေးမယ် ဘဝတစ်ခုလုံးကို ရင်းပြီး ချစ်ခွင့်ရှိမလား ငါစိတ်ကူးတွေယဉ်နေမိခဲ့ စိတ်ကူးသက်သက်ဖြစ်နေမလား ညတွေတိုင်းလည်း အိပ်မက်တွေမက် အိပ်မက်သက်သက်ဖြစ်နေမလား ငါ့ရင်ထဲက အချစ်တွေက ပင့်သက်တွေရှိုက်လို့ကြွေကျ နွေရာသီရဲ့ သစ်ရွက်ခြောက်လို မြေပြင်ပေါ်ပြန့်ကျဲကြေမွ ငါလေဖွင့်မပြောရဲပါ နင့်အတွက်ရင်မောခဲ့တာ တစ်ယောက်တည်း အတွေးတွေနဲ့ ချာချာလည် လွင့်မျောခဲ့ရ တိတ်တခိုး တဖက်သက် ငါ နှစ်လကြာရှည် နင်က ပစ်ချတာတွေ ငါ့ရဲ့အချစ်က ကဗျာတွေဖြစ် ဆယ်ကျော်သက်တ‌စ်ယောက်လို ကျောင်းရှေ့ကိုသွားပြီး နင့်ကို ခိုးခိုးပြီးရှိုး ပန်းစည်းတွေတမျိုးပြီးတော့တမျိုး မရိုးအောင် ခိုးခိုးပြီးပို့ တဖြည်းဖြည်း တိုးတိုးပြီဆိုး ငါ့မှာမင်းကို ဘုရင်မကြီးလို ရိုကျိုးမိလို့ ငါမပို့ဖြစ်တဲ့ message တွေဖုန်းထဲမှာအများကြီး မပြောတတ် မဆိုတတ်နဲ့ ဖုန်းဆက်ဖို့အားမရှိ မနေတတ် မထိုင်နဲ့တတ် မလုပ်တတ် မကိုင်တတ် နင့်အနားက ဘဲလေးတွေနဲ့ယှဉ်တော့ ရှုံးနိမ့်လို့သွားပြီ မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန် အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့ ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး ချစ်ခွင့်ရှိမလား oh oh ချစ်ခွင့်ရှိမလား နင်အမြဲသုံးတဲ့ Facebook နဲ့ snap chat ကို follow လုပ် Friend list မှာ add မရလို့ ဓာတ်ပုံတွေပဲ download နင် status တွေ like လုပ်ရင်း အချိန်တွေက ကုန်မှာလား တချိန်ချိန်ကျ ဆုံမှာလား နင်ငါအချစ်တို့ ယုံပါကွာ မာနတွေအကုန်ခွာချ စိတ်တွေလည်း အချဉ်ပေါက်ပြီ လျှောက်ပြန်သံပေး လုပ်နေရင်းနဲ့ တဖြည်းဖြည်း psycho ဖောက်သည် ငါလေဂေါက်ပြီ အတွေးတွေထဲမှာ ဂယောက်ဂယက်နဲ့ တစ္ဆေလို‌ခြောက်ပြီ ဒီပိုးက ဦးနှောက်ကို ရောက်ရှိ နင်မုန်းသွားမှာကြောက်တဲ့စိတ်က ဗျောင်းသတ်နေပြီ စိတ်ထဲမှာလုံးဝ ငါဖျောက်မရ အပ်ကြောင်းထပ်နေပြီ တကယ်ပါ ကောင်းမြတ်တဲ့အချစ်တွေနဲ့ ငါပေါင်းစပ်ပါမည် ငါ့နှလုံးသားက နင်အတွက် ဖြောင့်မတ်ပါ၏ အရိပ်လို နောက်ကလိုက် နင့်အနားနားပဲ တချိန်လုံး ပုံရိပ်တွေခဲနဲ့ခြစ် ငါမလှမ်းမကမ်းက အချိန်ဖြုန်း ဒါနင့်အတွက် ရေးစပ်ထားတဲ့ ခံစားချက်အကျဉ်းချုပ် တချိန်မှာနင်နားဆင်နိုင်ဖို့ သိင်္ဂါရသီချင်းတစ်ပုဒ် မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန် အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့ ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး ချစ်ခွင့်ရှိမလား oh oh ချစ်ခွင့်ရှိမလား ချစ်ခွင့်ရှိမလား အပြစ်ဖြစ်ခဲ့ပြီလား ငါဆိုတဲ့ကောင်က မင်းအတွက် မချစ်သင့်တဲ့သူလား မဖြစ်နိုင်တာတွေတွေး စိတ်လေးပြီးငေါင်နေတာ ရွယ်တူအပေါင်းအသင်းတွေနဲ့ ငါ့ကိုဝိုင်းလို့ ‌လှောင်နေမလား ဒီလိုနဲ့ငါ့ရဲ့အဖြစ်က ရှေ့ဆက်ဖို့လည်းခက်နေ မင်းစိတ်နဲ့ညဖက်အိပ် မင်းစိတ်နဲ့နိုးတဲ့ မနက်တွေ ငါ့မှာဂယက်တွေဖြစ်လို့ ရပ်ကွက်ထဲထိ နယ်ကျော်ခဲ့ အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက် မင်းနဲ့ငါ နှစ်လွှာပေါင်းတဲ့စွယ်တော်ရွက် မင်းနဲ့ငါ နှစ်ယောက်ပေါင်းဖို့ ဘယ်တော့လဲ ငါ့ဘဝက မင်းမရှိ‌လို့ ဘယ်ပျော်မလဲ အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက် မင်းရဲ့အချစ်က ငါ့အတွက်မဟုတ်တောင် ငါ့ရဲ့အချစ်က မင်းအတွက်ပဲ ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်မယ်ဆို နင်ယုံကြည်ပါ အချစ်နဲ့ထိတွေ့တဲ့အခါ ငါ့ရင်ထဲက ဆယ်ကျော်သက် မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန် အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့ ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး ချစ်ခွင့်ရှိမလား
Sanatçı: Sai Sai Kham Leng
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:19
Toplam: kayıtlı şarkı sözü
Sai Sai Kham Leng hakkında bilgi girilmemiş.

Fotoğrafı