sai sai kham leng yet set hma kyay kwell (feat. bon bon) şarkı sözleri

ရက်စက်တယ် ရက်စက်မှကြေကွဲ ရက်စက်တယ် ရက်စက်မှဝမ်းနည်း ငါ့ရဲ့နံရိုးတစ်ချောင်းလို ငါ့ရဲ့နောက်ကိုယ်တစ်ခြမ်းလို ငါ့ရဲ့ပါရမီဖက်လို့ ရင်ခွင်မှာတံဆိပ်ခတ်နှိပ်ထားဖူးတယ် ငါ့ဘဝကိုမင်းအတွက်ပုံအောခဲ့ မင်းကငါ့ကိုပုံပြောတယ် ပေးခဲ့တဲ့ကတိတွေနဲ့ သစ္စာစကားတွေရေစုန်မှာမျောတယ် မင်းမရှိလို့မဖြစ်တဲ့သူ စုံလုံးကန်းအောင်ချစ်မယ့်သူ ညှိမရတဲ့အဖြစ်အပျက်တစ်ခုတိုင်း မင်းကငါ့ကိုအပြစ်ဖွဲ့သူ ငါ့အတွက်တော့ မင်းက ကဗျာတစ်ပုဒ်ပဲ ဖျက်မရတဲ့ ပဋိညာဉ်စာချုပ်ပဲ မင်းအတွက်တော့ငါက ဘာမဟုတ် ညာမဟုတ်ကောင်လို့ ပြောပြီးခါထုတ်ခဲ့ သက်သေမဲ့စွပ်စွဲချက်နဲ့ မိန်းမတွေနဲ့သမုတ်တယ် စိုင်းစိုင်းဆိုတဲ့ဘဲကြီးက မင်းဘဝအတွက်ဆူးခလုပ်တဲ့ ငါဘာပြောပြောအရေးမလုပ်ဘဲ vampire လိုဂုတ်သွေးစုပ်တယ် ပီကေလိုညက်အောင်ဝါး အချိုရည်ကုန်မှထွေးထုတ်တယ် အနာတွေအကုန် ကျက်သွားလည်း အမှတ်တရ အလွမ်းတွေကျန်ရစ်တယ် ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက အသည်းမှာထင်ကျန်နေဆဲပဲ အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ ငါဘယ်လိုမေ့ပစ်လို့ရမလဲ ရင်မှာဖျောက်ဖျက်မရနိုင်တဲ့ မှင် Tattoo တစ်ခုလိုပဲ ချာချာလည်အောင် ငါ ရူးတော့မယ် ရက်စက်တယ် ရက်စက်မှကြေကွဲ ရက်စက်တယ် ရက်စက်မှဝမ်းနည်း မင်းရဲ့ဆာမူရိုင်းလို မင်းမဟာတံတိုင်းလို မင်းအတွက်အရာရာတိုင်းလို့ ငါ့ကိုယ်ငါအသင့်ပြင်ဆင်ထားဖူးတယ် မင်းကငါ့ဘဝကိုအုပ်ချုပ်တယ် မင်းကပဲငါ့ကိုအမိန့်ထုတ်တယ် မင်းရဲ့စက်ရုပ်ကြီးလိုအဝေးထိန်းခလုပ်နဲ့ ငါ့ကိုထိန်းချုပ်တယ် မင်းဘဝရဲ့အတက်လှေကားလို့ ငါ့ရဲ့ဘဝကိုယုံကြည်ထင်မှတ်တယ် မင်းကတော့အဆင်းလှေကားလို့သတ်မှတ် ငါ့ကိုအမြင်ကတ်ခဲ့ လူတွေကိုခင်တတ်မင်တတ်တဲ့ ငါ့ကိုမင်း အပြစ်အမြဲမြင်တတ်တယ် မင်းတို့အတွက်ငါကချဉ်ဖက်တဲ့ တွေးလိုက်တိုင်း ချောင်းဆိုးရင်ကြပ်တယ် အင်း ငါကမင်းရဲ့အပါးတော်မြဲ မင်းရဲ့အပျင်းပြေ ကစားဖော်ပဲ ငြီးငွေ့ မှမင်းကပစ်ချ နင်းချေပစ်တယ် ဖဝါးတော်နဲ့ ငါဘဝပျက်မှာမကြောက်ပါဘူး ငါစိုးရိမ်တာမင်းအကြောင်းအရာတွေ ဘုရားပေါ်တက်တိုင်းတောင်းတဲ့ဆုက မင်းရဲ့နောက်လူကောင်းပါစေ အနာတွေအကုန်ကျက်သွားလည်း အမှတ်တရအလွမ်းတွေကျန်ရစ်တယ် ဒဏ်ရာအမာရွတ် အဟောင်းတစ်ခုက အသည်းမှာထင်ကျန်နေဆဲပဲ အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ ငါဘယ်လိုမေ့ပစ်လို့ရမလဲ ရင်မှာဖျောက်ဖျက်မရနိုင်တဲ့ မှင် Tattoo တစ်ခုလိုပဲ ချာချာလည်အောင် ငါ ရူးတော့မယ် ရက်စက်တယ် ရက်စက်မှကြေကွဲ ရက်စက်တယ် ရက်စက်မှဝမ်းနည်း တိုက်ဆိုင်မူရှိသွားခဲ့ရင်ခွင့်လွတ် ဒါတကယ်ရည်ရွယ်တာ ရက်စက်လွန်းပါတယ် ရက်စက်မှဝမ်းနည်း အနာတွေအကုန် ကျက်သွားလည်း အမှတ်တရအလွမ်းတွေ ကျန်ရစ်တယ် ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက အသည်းမှာ ထင်ကျန်နေဆဲပဲ အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ ငါဘယ်လိုမေ့လို့ရမှာလဲ ရင်မှာဖျောက်ဖျက်မရနိုင်တဲ့ မှင် Tattoo တစ်ခုလိုပဲ ချာချာလည်အောင် ငါ ရူးတော့မယ် ရက်စက်တယ် ရက်စက်မှကြေကွဲ ရက်စက်တယ် ရက်စက်မှဝမ်းနည်း
Sanatçı: Sai Sai Kham Leng
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:21
Toplam: kayıtlı şarkı sözü
Sai Sai Kham Leng hakkında bilgi girilmemiş.

Fotoğrafı