Sai Sai Kham Leng

နှစ်လေးငါးခြောက်ဆယ် (Hnit Lay Ngar Chout Sal)

sai sai kham leng နှစ်လေးငါးခြောက်ဆယ် (hnit lay ngar chout sal) şarkı sözleri

နောက်ဆုံးတော့ ငါရဲ့ဘဝက နောက်ဆုံးတော့မင်းရင်ခွင် နောက်ဆုံးသော ငါရဲ့အချစ်အတွက်တစ်ယောက်တည်းသောဖူးစာရှင် အရာရာအမြဲတမ်းနောက်ကျပြီးတော့ အထီးကျန်နေတဲ့ဘဝတစ်ခု မီးလျှံထဲကနိုးထရအောင် အသိဉာဏ်နဲ့ စေစားသူ ဘဝတွေက အနေအထားမတူပေမယ့် ဘယ်တော့မှပစ်ချမသွားဘူး မင်းကငါ့အတွက် သစ္စာထားသူ မင်းကကောင်းကင်ကကြွေကျသူ အမှောင်ထုထဲကအလင်းတစ်ခုပေါ့ မင်းရဲ့ ချိုမြိန်တဲ့အချစ် ကန္တာရလို ငါ့ရဲ့ဘဝအတွက် အေးမြတဲ့ Oasis မင်းသိတဲ့အတိုင်းပါပဲ အကုန်လုံးတော့မပြည့်စုံဘူးပေါ့ ဒါပေမဲ့ နှစ်ယောက်အတူတွဲ စွန့်စားမယ်အတွေ့အကြုံတစ်ခုနော် လူတွေက တွေ့ဆုံကြုံကွဲ လောကရဲ့နိယာမသဘော နောင်လာမယ် ရတုအဆက်ဆက် ငါ့ရဲ့ အနားမင်း ရှိမှာလားပြော ငါဒီမှာမင်းနန္ဒာပေါ့ ရှင်မွေ့နွန်း မင်းဆန္ဒရော ဒါမှမဟုတ်ပုံပြင်ထဲက ခွန်ဆမ်လောနဲ့ နန်းဦးပျင်နော် ဂန္ထဝင်မြောက်အချစ်တွေလို‌မျိုး ငါတို့ရဲ့ အမှတ်တရတွေပေါ့ ဆိုခဲစေမြဲစေ မင်းနဲ့ငါလက်ထပ်ပါရစေတော့ ဟေး ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ် အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ နင်အဝေးထွက်မသွားနဲ့ ငါထွေးဖက်ထားမယ် ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ် နှစ်လေးငါးခြောက်ဆယ် ဘာမှ အချစ်တွေးကာမကြောက်နဲ့ စိုးရိမ်သောက ဗျာပါဒတွေ မင်းရဲ့ အဝေးမှာ ပျောက်ကွယ် ရှေ့ရေးကိုတွေးပြီး စိတ်တွေ တထစ်လေးမှမင်းမလျှော့နဲ့ ငါကမင်းအလိုမကျလို့ စိတ်ကောက်တိုင်းလည်း ဆံပင်လေးဖွရင်းချော့မယ် ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့ ပြဌာန်းပြီးသားစာအုပ်တဲ့ အချစ်ဆိုတာ ဒီစာအုပ်ထဲမှာ ကိုယ်တိုင်ရေးရမယ့် ကဗျာတစ်ပုဒ်ပဲ နေ့ရက်တိုင်းက အထိမ်းအမှတ်ပဲပေါ့ ရက်စွဲတွေလည်းအတိအကျနော် လက်တွေ့ကရုပ်ရှင်မဟုတ်တော့ အခက်အခဲတွေလည်းရှိမှာပေါ့ တစ်ယောက်လဲရင် တစ်ယောက်ထူပြီးတွဲ ဆက်လျှောက်မယ် ဒီခရီးကို မှောင်မိုက်တဲ့ သမုဒ္ဒရာကြီးထဲ မင်းငါ့ရဲ့ နတ်သမီးလို မင်းလက်ကို ဆုပ်ကိုင်ထားရင် လောကကြီးကို ဘာမထီလို့ မင်းအတွက်အမြဲရှင်သန်နေမယ့် မီးတောက်ထဲက ဇာမဏီလို မာန်မာနမလိုအပ်ဘူး ဘာအတွက်မှ သံသယမဆို ဘဝတစ်ခုလုံးတာဝန်ယူပြီး စောင့်ရှောက်မယ် သယံဇာတလို ဦးဆွေးဆံမြည့်ပါပဲ ဘယ်တော့မှ မဝေးဘူးငါတို့ မင်းပေးတဲ့ အချစ်တွေနဲ့ အရာရာတိုင်းအတွက် ကျေးဇူးပါလို့ ဟေး ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ် အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ နင်အဝေးထွက်မသွားနဲ့ ငါထွေးဖက်ထားမယ် ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ် Na na na, na na na, na na, na na na Na na na, na na na, na na, na na na Na na na, na na na, na na, na na na I, I, I freaking love you Na na na, na na na, na na, na na na Na na na, na na na, na na, na na na Na na na, na na na, na na, na na na I, I, I freaking love you And I love you more, And I love you more, And I love you more and more and more and more each day And I love you more, And I love you more, And I love you more and more and more and more each day ဟေး ဘာဖြစ်ဖြစ်ချစ်မယ် နှစ်လေးငါးခြောက်ဆယ် အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ နင်အဝေးထွက်မသွားနဲ့ ငါထွေးဖက်ထားမယ် ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ် ဒီနေ့ကစပြီး နောက်နှစ်တွေအများကြီး အများကြီးအထိ နောက်ဆုံးထွက်သက်ရောက်တဲ့အထိ ငါမင်းရင်ခွင်မှာပဲ အိပ်စက်ချင်တာ တကယ်ပါ I freaking love you
Sanatçı: Sai Sai Kham Leng
Türü: Belirtilmemiş
Ajans/Yapımcı: Belirtilmemiş
Şarkı Süresi: 4:33
Toplam: kayıtlı şarkı sözü
Sai Sai Kham Leng hakkında bilgi girilmemiş.

Fotoğrafı